Rating
Rank
Chapters
ဇာတ်လမ်းအကျဉ်း
သာမန်ရဲမေတစ်ယောက်က သူဖတ်နေတဲ့ဝတ္ထုထဲက အသတ်ခံရမယ့် ဗီလိန်မင်းသမီးလေး “ဟယ်လာလ်” ကိုယ်ထဲကို ကူးပြောင်းသွားတာပါ။ ဇာတ်လိုက်ကောင်ရဲ့ လက်ချက်နဲ့ သေရမယ့်ကံကြမ္မာကို သိနေတဲ့သူမက လက်ဦးမှုယူပြီး အနာဂတ်ကို ပြောင်းလဲဖို ကြိုးစားပါတော့တယ်။ သူမလုပ်လိုက်တဲ့ ပထမဆုံးအလုပ်ကတော့ ငယ်ငယ်လေးပဲရှိသေးတဲ့ ဇာတ်လိုက်ကောင်လေး “ကိုင်လ်” ကို အစေခံအဖြစ် ပြန်ပေးဆွဲပြီး မွေးမြူလိုက်တာပါပဲ။
ဘာကြောင့်ကြည့်သင့်လဲ
Unique Lead: အားကိုးရာမဲ့တဲ့ မင်းသမီးလေးမဟုတ်ဘဲ နတ်ဆိုးစစ်သူကြီးတွေကို အမိန့်ပေးပြီး လူသားကမ္ဘာကိုပါ လွှမ်းမိုးဖို ကြိုးစားတဲ့ အမိုက်စား Female Lead ဖြစ်နေတာ။
Dark Fantasy Action: နတ်ဆိုးတွေ၊ စုန်းမတွေနဲ့ မှော်ပညာတိုက်ပွဲတွေ ပါဝင်ပြီး ဇာတ်ရှိန်တက်အောင် ဖန်တီးထားတာ။
Survival Stakes: အချိန်ကို ၁၀ နှစ်နောက်ပြန်ဆုတ်ပြီး ကံကြမ္မာကို အသက်လုပြင်ဆင်ရတဲ့အတွက် ဇာတ်ကွက်က ရင်တမမနဲ့ စွဲဆောင်မှုရှိပါတယ်။
